Unmute
Freedom of Expression ကအရေးအကြီးဆုံးပါဘဲ။ ပြောခွင့်ရှိမှဘဲ လုပ်ကိုင်ခွင့်ရရှိမှာြဖစ်တယ်၊ ပြောခွင့်မရှိရင် လုပ်ကိုင်ခွင့်လဲရှိမှာမဟုတ်ဘူး။ အခုအချိန်မှာမြန်မာနိုင်ငံအနေနဲ့ကော လူငယ်တစ်ယောက်အနေနဲ့ကော Freedom of Expression က လုံး၀ကိုမရှိနေပါဘူး အိမ်မှာနေနေကျ အခန်းလေးလဲ ၀င်မွှေခံထားရပြီး အခုလက်ရှိမှာလဲ ပြေးနေ ပုံးနေရတဲ့အနေအထားဖြစ်ပါတယ်။ Freedom of Expression မရှိတဲ့အတွက် လူ့အခွင့်အရေးတွေလဲ ဆုံးရှံးသွားပြီး ဘ၀က မရှိတော့ဘူး။ တတ်နိုင်တဲ့အချိန်ထိ ရသလောက် လွတ်လပ်မူပြန်ရဖို့အတွက် တိုက်ပွဲဝင်သွားမှာပါ။ နောက်ဆုံးအချိန်အထိ မရရှိတော့ဘူးဆိုရင်တော့ ကိုယ့်နိုင်ငံကိုစွန့်ခွာရုံဘဲရှိတော့တယ်။
အမှန်တိုင်းပြောရရင် Freedom of Expression ဆိုတာကိုကြားဖူးတာ သိပ်မကြာသေးပါဘူး။ NLD လက်ထက်မှကြားဖူးတယ်လို့ပြောလို့ရပါတယ်။ နိုင်ငံရေးနဲ့ ပက်သတ်ရင် သိပ်မပြောနဲ့ အဖမ်းခံရမယ်ဆိုပြီးအမြဲပြောကြတယ်။ လွတ်လပ်စွာပြောနိုင်ခွင့်ဆိုတာ အရေးကြီးပါတယ်၊ ဥပမာအနေနဲ့ အိမ်မှာအဖေက အရမ်းရှေးရိုးစွဲတယ် ကိုယ့်ရဲ့ ခံစားချက်တွေပွင့်ပွင့်လင်းလင်းပြောခွင့်မရှိဘူး အဲ့တာကြောင့် အိမ်နဲ့တစ်ဖြည်းဖြည်းဝေးလာတယ်။ နိုင်ငံရေးမှာဆိုလဲ တိုင်းရင်းသားလူမျိုးစုတို့ရဲ့ စကားသံတွေကိုနားထောင်ခဲ့ခြင်းမရှိတဲ့အတွက် အခုလိုတိုက်ပွဲတွေ ဖြစ်လာရတယ်။ အခုလက်ရှိမှာ စစ်အစိုးရက အာဏာသိမ်းလိုက်တဲ့အတွက် နိုင်ငံကလဲ နောက်ကျကျန်ခဲ့ပြီ လူငယ်တစ်ယောက်အနေနဲ့လဲ ဘဝတတ်လမ်းမှာ အခက်အခဲရှိလာတယ်၊ လမ်းတွေပျောက်နေပြီ။
လူငယ်အတွက်ကော လူကြီးတွေအတွက်ပါ Freedom of Expression ဆိုတာအရမ်းအရေးကြီးပါတယ်။ Freedom of Expression ဆိုတာ လူအခွင့်အရေးတစ်ရပ်ဖြစ်ပါတယ် လူတစ်ယောက်ဖြစ်လာပြီဆိုကတည်း က အဲ့အခွင့်အရေးကိုရရှိပြီးသားဖြစ်တယ်။ အသက် ၁၇ ရောက်ပြီဆိုရင် ကိုယ်ယုံကြည်ရာ လျှောက်လမ်းခွင့်ရှိနေရမယ်၊ လွတ်လပ်စွာသွားလာခွင့်နဲ့ ကိုယ်ယုံကြည်ရာကို ရာယူခွင့်ရှိရမယ်။ လူတိုင်းဟာ ကိုယ်ယုံကြည်ရာ အိမ်မက်တွေနောက်ကိုလိုက်ပြီးအကောင်အထည်ဖော်ခွင့်ရှိရမယ်။ လုံးဝအမှောင်ချခံလိုက်ရရင် အနာ၈တ်မျိုးဆက်သစ်တွေအတွက် အရှေ့ကနေ တိုက်သွားမယ်၊ Freedom of Expression မရှိခြင်းက မြင်နေရပေမဲ့ မမြင်ရတဲ့သူ ဆွံ့အနားမကြားတဲ့သူတစ်ယောက်လိုဘဲဖြစ်သွားလိမ့်မယ်။
Freedom of Expression ကလက်ရှိမြန်မာနိုင်ငံမှာကော လူငယ်တစ်ယောက်အနေနဲ့ကော လုံးဝရှိပါဘူး။ ရွာမှာဆိုရင် သံပုံးတီးခွင့်မရှိဘူး၊ NLDအလံတွေလဲ ထောင်လို့မရဘူး၊ စစ်သားတွေလာရင်တောင်ထွက်ကြည့်မရှိဘူး၊ သူတို့မသင်ကာရင်လဲ စစ်တာတို့ ထိန်းသိမ်းခံရတာတို့လုပ်တယ်။ ကျောင်းသားတွေဆို ပညာမသင်ရဘဲ ထွက်ပြေးနေရတယ်။ မိသားစုအတွင်းမှာကော ပတ်ဝန်းကျင်မှာကော သတင်းတွေဖွင့်ခွင့် ကြည့်ခွင့်မရှိဘူး psi စလောင်းတွေဆို သိမ်းတာတွေလုပ်တယ်။ သူတို့ဘက်က တားဆီးနေလဲ အခွင့်အရေးရနေသ၍ ကိုယ်ယုံကြည်ရာအတွက်တိုက်ယူနေဦးမှာပါ။ တကယ်လို့ ကိုယ်ယုံကြည်ရာကို ဖော်ထုတ်ဖို့ တစ်ခြားရွေးစရာမရှိတော့ဘူးဆိုရင် PDF သို့ တစ်တစ်လုပ်မှာပါ။
Freedom of Expression ဆိုတာ လူသားအားလုံးရဲ့ အခွင့်အရေးဖြစ်ပါတယ် မိသားစုအတွင်းမှစ လူမူ့ပတ်ဝန်းကျင် နိုင်ငံရေးအထိအရေးကြီးတဲ့ အရာဖြစ်ပါတယ်။ အခုလက်ရှိမှာ နိုင်ငံရေးအရ လွတ်လပ်စွာ ထုတ်ဖော်ခွင့်တွေဟာ ပိတ်ပင်ထားခြင်းခံထားရပါတယ်။ လွတ်လွတ်လပ်လပ်ရွေးချယ် ခွင့်တောင်မရှိပါဘူး ဥပမာ အနေနဲ့ အကျီအမဲရောင်ဝတ်ရင် အစစ်ခံရတာမျိုးတွေ ခရီးသွားရင် ဖုန်းထဲမှာနိုင်ငံနဲ့ ဆိုင်တဲ့ အကြောင်းအရာပါရင် ထိန်းသိမ်း ထောင်ချတဲ့အထိလုပ်တာမျိုးတွေရှိနေပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ မရှိခြင်းက ရှိနေတဲ့ မျက်လုံးတွေ နားတွေ ကိုပိတ်ထားလိုက်ခြင်းဘဲဖြစ်ပါတယ်။ သူတို့ဘယ်လောက်ဘဲ ပိတ်ထားပိတ်ထား ရတဲ့နည်းနဲ့ ရအောင်ယုံကြည်ရာကို ပြောသွားမှာပါ။ Freedom of Expression မရှိခြင်းက ဘာမှ မထူးခြားဘူး မရှိလဲ ဘာမှ မဖြစ်ဘူးလို့ ထင်နေတာတွေရှိပါတယ် အဲ့တာလုံးဝကို မှားတယ်လို့ ပြောချင်ပါတယ်။
Freedom of expression ဆိုတာ အရမ်းကိုအရေးကြီးပါတယ် လူငယ်တစ်ယောက်အနေနဲ့ ကိုယ်ယုံကြည်တာကို လုပ်ဆောင်နိုင်ခွင့်နဲ့ ပြောပိုင်ရှိရမယ် အခုလက်ရှိမှာ လုံခြုံမှုတွေမရှိတဲ့အတွက် လွတ်လွတ်လပ်လပ်သွားလာလို့မရသလို ပြောချင်တာလဲ ပြောခွင့်မရှိတော့ပါဘူး လူငယ်တစ်ယောက်အနေနဲ့ ပညာရေး ကော လွတ်လပ်ခွင့်ကော မရရှိတဲ့အတွက် လက်ရှိအခြေအနေမှာ ဘ၀က ပျောက်ကွယ်နေပါြပီ
ပထမဆုံးအနေနဲ့ Freedom of expressionကို ဘဝလို့ တင်စားချင်ပါတယ် Freedom of expression မရှိရင် ဘဝလဲမရှိပါဘူး လွတ်လွတ်လပ်လပ်သွားလာတာ ပြောဆိုခွင့်မရှိတာတွေက အရမ်းကို ဆိုးဝါးပါတယ် အခုလက်ရှိအချိန်မှာဆို အကြောက်တရားနဲ့ဘဲနေနေရပါတယ်။ အသကာရင် အစစ်ဆေးခံရတယ် အခုလက်ရှိမှာဆိုဘာမှကို ထုတ်ဖော်လို့မရတာပါ။ လူငယ်တစ်ယောက်အတွက်တော့ တကယ်ငရဲ ကျနေသလိုပါဘဲ။ လုံးဝကို အဆင်မပြေတာပါ၊ လုံးဝလဲ မကျေနပ်ပါဘူး။
Freedom of expression ဆိုတာ လူသားတွေရဲ့အခွင့်အရေးဖြစ်ပါတယ် မရှိရင် တိုးတတ်မဲ့ လမ်းတွေ ပိတ်ဆို့နေမှာြဖစ်ပါတယ် လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံမှာကော မိမိအတွက်ကော လုံး၀ဆုံးရှုံးနေပါတယ် စစ်တပ်ရဲ့ လုပ်ရပ်ကြောင့် လူငယ်တွေရဲ့ အခွင့်အလမ်းတွေ ဆုံးရြှုးနေပါတယ် ရရှိသင့်တဲ့ အခွင့်အရေးတွေမရရှိသလို ကိုယ်ယုံကြည်ရာကိုလဲ ထုတ်ဖော်ပြောဆိုဖို့အတွက် ကြောက်နေရတဲ့ အချိန်နေဖြစ်နေပါတယ်
လူငယ်တစ်ယောက်အနေနဲ့ freedom of expressionဟာ အရမ်းကို အရေးကြီးပါတယ် တစ်ကယ်လို့ freedom of expression သာရှိခဲ့မယ်ဆိုရင် မြန်မာနိုင်ငံဟာ လုံး၀ ပြောင်းလည်သွားနိုင်ပါတယ် ကလေးတွေဆီက ideas တွေ အသံတွေ ေ၀ဖန်မူတွေ ကို လက်ခံနားထောင်နိုင်စွမ်း မြန်မာနိုင်ငံမှာရှိမနေဘူး ကျောင်းနေအရွယ်ကနေ university တတ်တဲ့အထိ လွတ်လပ်စွာ ပြောဆိုခွင့်မရှိခဲ့ဘူး တတ်ကြွတဲ့လူငယ်တွေက freedom of expression အရမ်းလိုချင်ကြပါတယ် အဲ့တာတွေကြောင့်ဘဲ တိုက်ပွဲတွေ တိုက်နေရတာြဖစ်တယ် ၂၀၀၀ နောက်ပိုင်းမှာမွေးတဲ့ သူတွေဟာ အိမ်မက်တွေ ဘ၀တွေ ပျောက်ဆုံးနေပါပြီ